RSS

Hundred Year of Ludu U Hla, Burmese Literary Icon – Anniversary to be held by Burmese in Japan

13 Jan

လူထုဦးလှ နှစ် ၁၀၀ပြည့် အထိမ်းအမှတ်အခမ်းအနား ဂျပန်ရောက် မြန်မာတို့ ကျင်းပမည်
မိုးမခရွာဆော်ကြီး

ဇန်န၀ါရီ ၁၃၊ ၂၀၁၀

ယနေ့ လက်ခံရရှိသော အီးမေးစာအရ ဂျပန်ရောက် မြန်မာစာပေချစ်သူ မိသားစုများ၊ လူထုထဲက လူထုကို ချစ်တဲ့ လူထုသားသမီးများက မြန်မာစာပေလောက၏ မှတ်တိုင်၊ စာနယ်ဇင်းဆရာကြီး လူထုဦးလှ၏ နှစ် ၁၀၀ ပြည့်မွေးနေ့ကို စုဝေး ကျင်းပကြမည် ဖြစ်ကြောင်း ဖိတ်စာပေးပို့ထားသည်။ လာမည့် ၁၇၊ ဇန်န၀ါရီ ၂၀၁၀ ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်အလှူပြုကြမည်ဟု ဆိုသည်။ ဖိတ်စာကို အောက်ပါအတိုင်းတွေ့နိုင်သည်။ ထို့အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ဒေါင်းရင်ပြင်တွင်လည်း ထိုင်းနိုင်ငံရောက် စာပေသမားများနှင့် စာပေချစ်သူများက ဇန်န၀ါရီ ၁၉ တွင် လူထုဦးလှ နှစ် ၁ဝ၀ ပြည့်ကို ကျင်းပမည်ဟု ဆိုထားပြီး ဖြစ်သည်။ အောက်က ဖိတ်စာတွေမှာ ကြည့်နိုင်ပြီ။

 
Leave a comment

Posted by on January 13, 2010 in Burmese on the Move

 

Leave a comment